မန္မာ ဇာတိေသြး ဇာတိမာန္ အစစ္ကို ထိုင္းနိုင္ငံမွာ ျပသလိုက္တဲ့ ျမန္မာ အမ်ိဳးသမီး မဆုရီ

ထိုင္းႏုိင္ငံေတာင္ပိုင္း၊ စူရတ္ဌာနီခ႐ုိင္ ေကာ့စမြီၿမိဳ႕နယ္က ဟိုတယ္သန္႔ရွင္းေရး ျမန္မာ အမ်ိဳးသမီး ၁ ဦးဟာ ႏိုင္ငံျခားေငြပါတဲ့ ဘူး ၁ ဘူးေကာက္ရၿပီး ပိုင္ရွင္ကိုျပန္အပ္ခဲ့တယ္လို႔ ေခါဝ္ဆြတ္ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

ဆုရီ လို႔ေခၚတဲ့ ျမန္မာအမ်ိဳးသမီးဟာ ေကာ့စမြီၿမိဳ႕ ေဘာ္ဖြတ္ရပ္ကြက္တြင္းရွိ အက္ခ္ဘားဘိခ်္ရီးေဆာ့တ္ ဟိုတယ္က သန္႔ရွင္းေရးအလုပ္သမား ၁ ဦးျဖစ္ၿပီး မေန႔ညက ဟိုတယ္သန္႔ရွင္းေရးလုပ္ရင္း ေလွကားေအာက္စားပြဲခံုေပၚမွာ ေငြေတြပါတဲ့ အစိမ္းေရာင္ဘူး ၁ ဘူးေကာက္ရလို႔ ပိုင္ရွင္ကိုျပန္ေပးဖို႔ ဟိုတယ္ေကာင္တာမွာ လာအပ္ထားေၾကာင္း ဟိုတယ္ပိုင္ရွင္က ေကာ္စမြီရဲစခန္းတာဝန္က် ဒုရဲအုပ္ကို ေျပာပါတယ္။

ဟိုတယ္ပိုင္ရွင္က ဘူးကိုဖြင့္ၾကည့္ရာမွာ ၾသစေၾတးလ်ေငြ ၁၁၀၀၀ ေဒၚလာ (ထိုင္းေငြဘတ္ ၂ သိန္း ၈ ေသာင္းခန္႔ တန္ဖုိးရွိ) ကို ေတြ႔ရၿပီး ဘူးပိုင္ရွင္ကို စီစီကင္မရာကေန ရွာေဖြခဲ့ေၾကာင္း၊ မေန႔က အဲဒီထိုင္ခံုမွာ ထိုင္ခဲ့ၿပီး အိပ္ခန္းသို႔ ျပန္တက္သြားသူမွာ အသက္ ၃၈ ႏွစ္ရြယ္ Alexander Joseph ဆိုသူ နယ္သာလန္ႏိုင္ငံသား ၁ ဦးျဖစ္ေနတာ သိရွိရေၾကာင္း၊ သူတို႔ သိရတဲ့အခ်ိန္မွာ ဒီေန႔ မနက္ ၅ နာရီရွိျပီျဖစ္တဲ့အတြက္ ဧည့္သည္အိပ္ရာက ႏိုးခ်ိန္ကို ေစာင့္ဆိုင္းၿပီးမွ ျပန္လည္ေမးျမန္းခဲ့တာလို႔ ဆိုပါတယ္။

အဆိုပါဧည့္သည္ကလည္း ဘူးမွာ သူ႔ပစၥည္းျဖစ္ေၾကာင္း၊ မေန႔က အရက္ေသာက္တာ နည္းနည္းမ်ားသြားၿပီး ေမ့က်န္ခဲ့ေၾကာင္း၊ သူကေတာ့ ပိုက္ဆံဘူးကို သတိရတဲ့အခါ မရွိေတာ့လို႔ အခိုးခံရတယ္လို႔ ထင္ခဲ့ေၾကာင္း၊ အခုလို ပိုက္ဆံဘူးျပန္ရတဲ့အတြက္ အလြန္၀မ္းသာတယ္လို႔ ဆိုပါတယ္။

ဟိုတယ္ပိုင္ရွင္က ဘူးထဲပါတာေတြ အကုန္ရွိမရွိ ျပန္စစ္ၾကည့္ခိုင္းေတာ့ ဧည့္သည္ကလည္း ဘာမွအေပ်ာက္အရွမရွိေၾကာင္းေျပာၿပီး ပစၥည္းျပန္အပ္ခ်ိန္ သက္ေသအျဖစ္ လာေရာက္ေဆာင္ရြက္ေပးဖို႔ နယ္ေျမရဲစခန္းကို အေၾကာင္းၾကားခဲ့ေၾကာင္း၊ ေငြဘူးပိုင္ရွင္ဧည့္သည္က ႐ုိးသားတဲ့ ျမန္မာအလုပ္သမကို ေဒၚလာ ၁၀၀ ျပန္ၿပီး ဆုခ်ခဲ့တယ္လို႔ ေခါင္ဆြတ္သတင္းမွာ ေဖာ္ျပသြားပါတယ္။

DVB

========

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင် ကော့စမွီမြို့နယ်က ဟိုတယ်သန့်ရှင်းရေး မြန်မာ အမျိုးသမီး ၁ ဦးဟာ နိုင်ငံခြားငွေပါတဲ့ ဘူး ၁ ဘူးကောက်ရပြီး ပိုင်ရှင်ကိုပြန်အပ်ခဲ့တယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆုရီ လို့ခေါ်တဲ့ မြန်မာအမျိုးသမီးဟာ ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက်တွင်းရှိ အက်ခ်ဘားဘိချ်ရီးဆော့တ် ဟိုတယ်က သန့်ရှင်းရေးအလုပ်သမား ၁ ဦးဖြစ်ပြီး မနေ့ညက ဟိုတယ်သန့်ရှင်းရေးလုပ်ရင်း လှေကားအောက်စားပွဲခုံပေါ်မှာ ငွေတွေပါတဲ့ အစိမ်းရောင်ဘူး ၁ ဘူးကောက်ရလို့ ပိုင်ရှင်ကိုပြန်ပေးဖို့ ဟိုတယ်ကောင်တာမှာ လာအပ်ထားကြောင်း ဟိုတယ်ပိုင်ရှင်က ကော်စမွီရဲစခန်းတာဝန်ကျ ဒုရဲအုပ်ကို ပြောပါတယ်။

ဟိုတယ်ပိုင်ရှင်က ဘူးကိုဖွင့်ကြည့်ရာမှာ သြစတြေးလျငွေ ၁၁၀၀၀ ဒေါ်လာ (ထိုင်းငွေဘတ် ၂ သိန်း ၈ သောင်းခန့် တန်ဖိုးရှိ) ကို တွေ့ရပြီး ဘူးပိုင်ရှင်ကို စီစီကင်မရာကနေ ရှာဖွေခဲ့ကြောင်း၊ မနေ့က အဲဒီထိုင်ခုံမှာ ထိုင်ခဲ့ပြီး အိပ်ခန်းသို့ ပြန်တက်သွားသူမှာ အသက် ၃၈ နှစ်ရွယ် Alexander Joseph ဆိုသူ နယ်သာလန်နိုင်ငံသား ၁ ဦးဖြစ်နေတာ သိရှိရကြောင်း၊ သူတို့ သိရတဲ့အချိန်မှာ ဒီနေ့ မနက် ၅ နာရီရှိပြီဖြစ်တဲ့အတွက် ဧည့်သည်အိပ်ရာက နိုးချိန်ကို စောင့်ဆိုင်းပြီးမှ ပြန်လည်မေးမြန်းခဲ့တာလို့ ဆိုပါတယ်။

အဆိုပါဧည့်သည်ကလည်း ဘူးမှာ သူ့ပစ္စည်းဖြစ်ကြောင်း၊ မနေ့က အရက်သောက်တာ နည်းနည်းများသွားပြီး မေ့ကျန်ခဲ့ကြောင်း၊ သူကတော့ ပိုက်ဆံဘူးကို သတိရတဲ့အခါ မရှိတော့လို့ အခိုးခံရတယ်လို့ ထင်ခဲ့ကြောင်း၊ အခုလို ပိုက်ဆံဘူးပြန်ရတဲ့အတွက် အလွန်ဝမ်းသာတယ်လို့ ဆိုပါတယ်။

ဟိုတယ်ပိုင်ရှင်က ဘူးထဲပါတာတွေ အကုန်ရှိမရှိ ပြန်စစ်ကြည့်ခိုင်းတော့ ဧည့်သည်ကလည်း ဘာမှအပျောက်အရှမရှိကြောင်းပြောပြီး ပစ္စည်းပြန်အပ်ချိန် သက်သေအဖြစ် လာရောက်ဆောင်ရွက်ပေးဖို့ နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ကြောင်း၊ ငွေဘူးပိုင်ရှင်ဧည့်သည်က ရိုးသားတဲ့ မြန်မာအလုပ်သမကို ဒေါ်လာ ၁၀၀ ပြန်ပြီး ဆုချခဲ့တယ်လို့ ခေါင်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

Leave a Reply