‘သမီးေလးနဲ႔ ဆင္တူဝတ္ၿပီး ဓာတ္ပံုေတြ မ႐ိုက္ရဲေတာ့ဘူး’ ဆိုတဲ့ ခိုင္သင္းၾကည္

ထပ္ဆင့္အကယ္ဒမီ ခိုင္သင္းၾကည္ကေတာ့ သူမရဲ့ တစ္ဦးတည္းေသာ သမီးေလးနဲ႔အတူ ဆင္တူဝတ္ၿပီး ဓာတ္ပံုေတြ မရိုက္ရဲေတာ့ဘူး လို႔ ေျပာလာပါတယ္။

အရင္က သမီးေလးနဲ႔ ဆင္တူဝတ္ဆင္ၿပီး ဓာတ္ပံုေတြ ရိုက္ေလ့ရွိပါတယ္။ ဓာတ္ပံုေတြကို ၾကည့္ၿပီး ပရိတ္သတ္ခ်ိဳ႕က သူမနဲ႔ သမီးေလးကို ႏိႈင္းယွဥ္ကာ ေျပာဆို ေဝဖန္လာၾကတာျဖစ္ပါတယ္။

“အေမက ပိုႏုတယ္၊ သမီးက ရင္တယ္”၊ “ သမီးေလးက မလွဘူး” စသျဖင့္ ေျပာဆိုခဲ့ၾကပါတယ္။ ခုရက္ပိုင္းအတြင္း သမီးေလး စံထိပ္ထားနဲ႔ပက္သက္ၿပီး ေျပာဆိုမႈေတြ မ်ားလာပါတယ္။ ဒါေၾကာင့္ မေန႔က (စက္တင္ဘာလ ၃ဝ ) မွာေတာ့ ခိုင္သင္းၾကည္က အင္တာဗ်ဴးတစ္ခုမွာ ခုလို ေျဖဆိုလိုက္တာပါ။

“ကိုယ္သာဆိုရင္ေတာ့ သူမ်ားသားသမီး ခေလးကို၊ ခုလိုမေျပာဘူးေပါ့ေနာ္၊” တခ်ိဳ႕ၾကေတာ့လည္း အျပဳသေဘာ ေဝဖန္တာရွိပါတယ္။ မခိုင္ေလးက လွတယ္။ သမီးေလးက ခ်စ္ဖို႔ေကာင္းပါတယ္” ဟု ခိုင္သင္းၾကည္က ေျပာသည္။

“တစ္ခ်ိဳ႕က်ေတာ့လည္း ဟဲ့ ႐ုပ္ဆိုးမႀကီး၊ သရဲမႀကီး “အဲ့လိုႀကီးေတြ ေျပာတဲ့အခါက်ေတာ့ မေကာင္းဘူးေပါ့ေနာ္။ ဒါေပမယ့္လူတိုင္းပါပဲ အေျပာခံၾကရတာပါပဲ..။ မခိုင္ကေတာ့ နားလည္ပါတယ္..။ ဒါေပမယ့္ ခေလးက်ေတာ့ သိပ္နားမလည္ဘူးေပါ့ေနာ္”

“ခုေနာက္ပိုင္းေတာင္မွ ခေလးနဲ႔ ဆင္တူေတြ ဝတ္ၿပီးမရိုက္ရဲေတာ့ဘူး။ ဆင္တူေတြဝတ္ရိုက္လိုက္ရင္ သူတို႔က ယွဥ္ၿပီး၊ ေတြးၿပီး ေျပာၾကေတာ့တာ” ဟု ခိုင္သင္းၾကည္က ဆိုသည္။

ခိုင္သင္းၾကည္ကေတာ့ သမီးေလးကို စိတ္မပ်က္ဖို႔ ႏွစ္သိမ့္ထားသည္။ သမီးေလးကလည္း ေပါ့ေပါ့ပါးပါးေနထိုင္ ေနတာကို ေတြ႕ရပါတယ္။

Pictures©Khine Thin Kyi

Credit – pannpwint

======================

ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်ကတော့ သူမရဲ့ တစ်ဦးတည်းသော သမီးလေးနဲ့အတူ ဆင်တူဝတ်ပြီး ဓာတ်ပုံတွေ မရိုက်ရဲတော့ဘူး လို့ ပြောလာပါတယ်။

အရင်က သမီးလေးနဲ့ ဆင်တူဝတ်ဆင်ပြီး ဓာတ်ပုံတွေ ရိုက်လေ့ရှိပါတယ်။ ဓာတ်ပုံတွေကို ကြည့်ပြီး ပရိတ်သတ်ချို့က သူမနဲ့ သမီးလေးကို နှိုင်းယှဉ်ကာ ပြောဆို ဝေဖန်လာကြတာဖြစ်ပါတယ်။

“အမေက ပိုနုတယ်၊ သမီးက ရင်တယ်”၊ “ သမီးလေးက မလှဘူး” စသဖြင့် ပြောဆိုခဲ့ကြပါတယ်။ ခုရက်ပိုင်းအတွင်း သမီးလေး စံထိပ်ထားနဲ့ပက်သက်ပြီး ပြောဆိုမှုတွေ များလာပါတယ်။ ဒါကြောင့် မနေ့က (စက်တင်ဘာလ ၃ဝ ) မှာတော့ ခိုင်သင်းကြည်က အင်တာဗျူးတစ်ခုမှာ ခုလို ဖြေဆိုလိုက်တာပါ။

“ကိုယ်သာဆိုရင်တော့ သူများသားသမီး ခလေးကို၊ ခုလိုမပြောဘူးပေါ့နော်၊” တချို့ကြတော့လည်း အပြုသဘော ဝေဖန်တာရှိပါတယ်။ မခိုင်လေးက လှတယ်။ သမီးလေးက ချစ်ဖို့ကောင်းပါတယ်” ဟု ခိုင်သင်းကြည်က ပြောသည်။

“တစ်ချို့ကျတော့လည်း ဟဲ့ ရုပ်ဆိုးမကြီး၊ သရဲမကြီး “အဲ့လိုကြီးတွေ ပြောတဲ့အခါကျတော့ မကောင်းဘူးပေါ့နော်။ ဒါပေမယ့်လူတိုင်းပါပဲ အပြောခံကြရတာပါပဲ..။ မခိုင်ကတော့ နားလည်ပါတယ်..။ ဒါပေမယ့် ခလေးကျတော့ သိပ်နားမလည်ဘူးပေါ့နော်”

“ခုနောက်ပိုင်းတောင်မှ ခလေးနဲ့ ဆင်တူတွေ ဝတ်ပြီးမရိုက်ရဲတော့ဘူး။ ဆင်တူတွေဝတ်ရိုက်လိုက်ရင် သူတို့က ယှဉ်ပြီး၊ တွေးပြီး ပြောကြတော့တာ” ဟု ခိုင်သင်းကြည်က ဆိုသည်။

ခိုင်သင်းကြည်ကတော့ သမီးလေးကို စိတ်မပျက်ဖို့ နှစ်သိမ့်ထားသည်။ သမီးလေးကလည်း ပေါ့ပေါ့ပါးပါးနေထိုင် နေတာကို တွေ့ရပါတယ်။

Pictures©Khine Thin Kyi

Credit – pannpwint