၁၅​ပေနက်​တဲ့ ဂူကြီးထဲဝင်ပြီး တရားမှတ်နေတုန်း သဘာဝလွန်​ဖြစ်​ရပ်​တစ်​ခုနဲ့ ကြုံ​တွေ့ခဲ့ရ​တဲ့ ​ကျော်​သူ
ပရိသတ်​​တွေ​ရော ​ကျော်​သူကြုံ​တွေ့ခဲ့ရတဲ့ ထူးဆန်းမှုကြီးကို ဘယ်​လိုထင်​မြင်​မိလဲဆိုတာ ​ပြောသွားခဲ့ပါဦး​နော်​။
Myint Myat
Source:Kyaw Thu’s Facebook
==============
လွန်​ခဲ့တဲ့ဆယ်​စုနှစ်​တစ်​ခု​လောက်​က မြန်​မာပြည်​ရဲ့အခန်​့ဆုံးမင်​းသား​တွေထဲက တစ်​ဦးအပါအဝင်​ဖြစ်​ခဲ့တဲ့ သရုပ်​​ဆောင်​​ကျော်​သူက​တော့ အခုချိန်​ထိလဲ အနုပညာကို အနက်​ရှိုင်​းဆုံးခံစားပြီး​တော့ ပြုလုပ်​​နေဆဲပါ။ ​ကျော်​သူက​တော့ လူတိုင်​းမလုပ်​နိူင်​တဲ့ ပရဟိတအလုပ်​​တွေကိုလည်​း သူ့ရဲ့လက်​နဲ့ကိုယ်​တိုင်​ အစွမ်​းကုန်​လုပ်​​ဆောင်​​နေသူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ ဘာသာ​ရေးအရမ်​းလိုက်​စားတဲ့ ​ကျော်​သူက​တော့ ၁၅ ​ပေနက်​တဲ့ ဂူကြီးထဲကိုဝင်​ပြီး တရားမှတ်​​နေတုန်​း သဘာဝလွန်​ဖြစ်​ရပ်​တစ်​ခုနဲ့ ကြုံ​တွေ့ခဲ့ရတာပါ။ ​ကျော်​သူရဲ့ အ​တွေ့အကြုံ​တွေကိုချစ်​ပရိသတ်​​တွေအတွက်​ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။
​ကျော်​သူက​တော့ “ဂူအနက်က (၁၅)ပေခန့်။ အနေအထားက မြေပြင်မှတည့်တည့်မတ်မတ်။ တည်ရှိရာက ပန်းတောင်းမြို့နယ် ဖိုးဦးတောင် ထူးခြားချက်က မြတ်စွာဘုရားခြေတော်ချခဲ့တဲ့ ​တောင်တော်ပေါ်ရှိ အဘဘိုးဘိုးအောင်ကျင့်ကြံခဲ့တဲ့ဂူ။ အတွေ့အကြုံကတော့ ခဲရာခဲဆစ်ခြေကိုကန် ကျောနဲ့တွန်း၍ဆင်းခဲ့ရသည်။အောက်ရောက်ရောက်ခြင်း အသက်ရှူမဝ မောဆို့နေသည် ခေတ္တခဏနား၍မြေပြင်သို့ ထိုင်လိုက်စဉ် လူတစ်ထိုင်စာနေရာသာရှိသည်ကို သတိထားမိသည်။ ​လေဝင်ပေါက်လုံးဝမရှိပေ။သို့သော်တရားမှတ်မေတ္တာပို့ရင်းဖြင့်လေကောင်းမွန်စွာရရှိခဲ့သည်။
ရှုမှတ်ပုံကတော့ အသုဘကမ္မဌာန်း။ အတွေ့အကြားက မြေကြီးတွင်းမှသဘောင်္ကြီးရေပြင်ကိုခွဲပြီးခုတ်လာသံလိုလို မြေတူးစက်ကြီးမိမိအနားသို့ရောက်လာသံလိုလို။ ဘာမှန်းတော့ မသိ အပေါ်သို့(၁၅)မိနစ်ခန့်တရားမှတ်ပြီးပြန်တက်လာတော့သည်။ အဖြေ ကား ??? ထဲထဲဝင်ဝင်နားလည်တတ်ကျွမ်းသူများ အလင်းပြပေးပါရန် လေးစားစွာဖြင့်…ကျော်သူ။” ဆိုပြီး သူကြုံ​တွေ့ခဲ့ရတဲ့ ထူးဆန်​းမှုကြီးကို အ​ဖြေရှာမရတာ​ကြောင်​့ နားလည်​တတ်​ကျွမ်​းသူ​တွေကို အကူအညီ​တောင်​း ​မေးမြန်​းထားပါ​သေးတယ်​။
ပရိသတ်​​တွေ​ရော ​ကျော်​သူကြုံ​တွေ့ခဲ့ရတဲ့ ထူးဆန်​းမုှကြီးကို ဘယ်​လိုထင်​မြင်​မိလဲဆိုတာ ​ပြောသွားခဲ့ပါဦး​နော်​။
Myint Myat