ဦးဗုဓ္ လို ဆရာေတာ္မ်ိဳ ဳ းရွိသင့္ျပီ

ဦးဗုဓ္ လို ဆရာေတာ္မ်ိဳ ဳ းရွိသင့္ျပီ

==================

အမတ္ႀကီး ဦးေပၚဦး ေက်ာင္းသုိ႔ေရာက္စဥ္က ျဖစ္သည္။ ဆရာေတာ္က ေရကန္အနီး တံျမက္လွည္းေနခိုက္ျဖစ္၍ ထိုေနရာ၌ပင္ ဦးဗုဓ္ကို ဝပ္ခ် အေလးျပဳ၏။ ထိုေနာက္-

ဦးေပၚဦး။ ။ေရကန္ႀကီးကျဖင့္ အလြန္ ေကာင္းပါေပသည္ ဘုရား။

ဦးဗုဓ္ ။ ။ေအး…..ေကာင္းတယ္။

ဦးေပၚဦး။ ။ေရကလည္း အလြန္ ၾကည္တယ္။

ဦးဗုဓ္ ။ ။ေအး…..ၾကည္တယ္။

ဦးေပၚဦး။ ။ဤေရကန္ႀကီး မည္မ်ွ နက္ပါသနည္းဘုရား။

ဦးဗုဓ္ ။ ။ငါ……မသိဘူး။

ဦးေပၚဦး ။ ။ဆရာေတာ္ သီတင္းသုံးေတာ္မူေသာေက်ာင္းတိုက္အတြင္း ျဖစ္၍ နီးသည့္အတြက္ သိလိမ့္မည္ ထင္မွတ္၍ ေလ်ွာက္မိပါသည္ ဘုရား။

ဦးဗုဓ္ ။ ။နီးတိုင္း သိရမည္ဆိုလ်ွင္ သင္၏ႏႈတ္ခမ္းေမႊး ဘယ္ႏွပင္ ႐ွိသနည္း။

ဦးေပၚဦး။ ။သတိမထားမိ၍ ဘယ္ႏွပင္႐ွိေၾကာင္းမသိပါ ဘုရား။

ဦးဗုဓ္ ။ ။သင့္ႏႈတ္ခမ္းေမႊး ဘယ္ႏွပင္႐ွိသည္ဟု သင္မသိဘဲ ဤေရကန္၏ အတိမ္အနက္ကိုေကာ ငါ သိႏုိင္မည္လား။

ဤသို႔ မိန္႔ေတာ္မူလိုက္ရာ စကားတတ္လွေသာ ပညာ႐ွိအမတ္ႀကီးသည္ ေ႐ွ႕သို႔ စကားဆက္၍ မရသျဖင့္ ႐ွိခိုးဦးခ်ကာ ျပန္ခဲ့ရေလသည္။

ဟာသျဖင့္ ဘိုးေတာ္မင္းတရားႀကီးကို အႏုိင္ယူေလ့႐ွိေသာ ဦးေပၚဦး သည္ ဦးဗုဓ္ ႏွင့္ေတြ႕ကာမွေနာက္ေကာက္က်ေလေတာ့သည္။

အင္းဝ ေနျပည္ေတာ္႐ွိ ရဟန္းငယ္တို႔သည္ သီတင္းဝါလကြၽတ္၍ စာဝါ ရပ္နားေနခိုက္ ဘုန္းႀကီးေက်ာင္းတိုက္မ်ားသို႔ လွည့္လည္သြားလာၾကရာ ဦးဗုဓ္ ၏အုတ္ေက်ာင္းသို႔ ေရာက္လာၾက၏။

စာၾကည့္ေနေသာ ဆရာေတာ္ကို ဦးခိုက္ၿပီး ပိျပားစြာ ထိုင္ေနၾကရာ ဆရာေတာ္က `ဘာကိစၥ ႂကြလာၾကသလဲ´ ေမး၏။

`တပည့္ေတာ္မ်ား မေရာက္ဖူး၍ အလည္လာၾကပါသည္ ဘုရား´ ဟု ေလ်ွာက္ထားေလေသာ္ `အိမ္း…မေရာက္ဖူးရင္ ျမင္းမိုရ္ေတာင္အထိ သြားၾကပါလား။

အလကား အခ်ည္းႏွီး အခ်ိန္ကုန္ေအာင္ လွည့္လည္၍ ျဖဳန္းေနၾကသည္´ ဟု မိန္႔ဆိုမည္တမ္းသျဖင့္ ၾကာ႐ွည္စြာ မေနဝ့ံ၊ဦးခ်ကာ ျပန္သြားၾကသည္။

တစ္ေန႔တြင္ ဦးဗုဓ္က စာခ်ေနဆဲ သာသနာပိုင္က သူ႔ထံ ႂကြလာရာ သံဃာငယ္တို႔က သင္ျဖဴးခင္းၾက၏။

ဦးဗုဓ္။ ။ဘာလုပ္ၾကတာတုံး။

ကိုရင္။ ။သာသနာပိုင္ လာလို႔ ေနရာခင္းပါတယ္။

ဦးဗုဓ္ ။ ။သာသနာပိုင္က ကိုယ့္ေနရာ ကိုယ္ေနတာ မဟုတ္ဘူး။

(ထိုအသံၾကား၍ ဦးေညယ်က ေက်ာင္းေပၚမတက္ေတာ့ဘဲ ေလွကားမွ ျပန္ႂကြသြား၏။ဦးဗုဓ္ကို သူ႔ထံ ႂကြရန္ စာေရးပင့္ေလသည္။)

ဦးဗုဓ္ ။ ။ဦးေညယ်က က်ဳပ္ကို ဘာကိစၥ. ေခၚတာတုံးဗ်။

ယ် ။ ။တျခား အေၾကာင္းထူး မ႐ွိပါ။တပည့္ေတာ္မွာ လူငယ္ျဖစ္လ်ွက္ သာသနာျပဳရေသာေၾကာင့္ ခြၽတ္ေခ်ာ္တိမ္းပါး အမွားမ်ားျမင္ေတြ႕လ်ွင္ ဆို ဆုံးမေတာ္မူေစလိုပါတယ္။

ဦးဗုဓ္ ။ ။ကိုယ္စြမ္းလို႔ ကိုယ္ျဖစ္တာ ေျပာစရာ မလိုပါဘူး။

အုတ္ေက်ာင္းမွ ရဟန္းငယ္မ်ား ေဆးလိပ္ေသာက္သည္ကို သာသနာပိုင္က ပိတ္ပင္ရာ`ေဆးလိပ္ေသာက္တာက သာသနာပိုင္ ဘုရားတည္တာေလာက္ အျပစ္မႀကီးပါဘူး´ ဟုမိန္႔ဆို၏။

ဝိသုဒၶိမဂ္၌ ရဟန္းတို႔ အလွဴေပးျခင္း ၊ ဘုရားတည္ျခင္းမွာ အျပစ္မလြတ္ ဟု ဆိုေလသည္။

မယ္ႏုသည္ သူ႔ဆရာေတာ္ရင္း ဦးဗုဓ္၏ ပစၥည္းေလးပါး ဒါယကာမႀကီးအျဖစ္ အဖိုးတန္ပစၥည္းမ်ား၊ပေဒသာပင္မ်ားမွစ၍ လိုေလေသးမ႐ွိေထာက္ပ့ံ၏။

ဆရာေတာ္မူကား ဘာမ်ွ သိုမွီးျခင္းမ႐ွိဘဲ ေရာက္လာသမ်ွ ပစၥည္းတို္႔ကို ေက်ာင္းတြင္သံဃာမ်ားသို႔ အလွည့္က်ေဝေပးသည္။ အလို႐ွိသူတို႔က ႀကိဳက္ရာယူသြားလ်ွင္လည္း ဆရာေတာ္ကမည္သို႔မ်ွ မဆိုေခ်။

ႏွစ္စဥ္ မယ္ႏုက က်င္းပေသာ ဘုံကထိန္ပြဲႀကီး၌ ဦးဗုဓ္ ကို တရားေဟာရန္ တိုက္တြန္းရာ ဆရာေတာ္က .`ေဟတု ပစၥေယာ´ဟူေသာ ၂၄ ပစၥည္းဂါထာကို ရြတ္ေတာ္မူကာ ဆိတ္ဆိတ္ေနလ်ွင္ ႐ွင္ဘုရင္ကလည္း ေရစက္သြန္းခ် အမ်ွေဝရေလေတာ့သည္။

ထိုအခါ ေလးျပင္ေလးရပ္ ႂကြလာေတာ္မူၾကေသာ ဆရာေတာ္ႀကီးမ်ား က`ဦးဗုဓ္ ကို စာတတ္သည္ဟု ၾကည္ညိဳလြန္းလွ၍၊ ဧရာမ ေက်ာင္းေတာ္ႀကီးကို လွဴဒါန္း၍၊ ဧရာမ မိဖုရားႀကီးက. ဧရာမ ကထိန္ပြဲႀကီး က်င္းပရာမွာ တကတဲဗ်ာ ေဟာလိုက္သည့္တရားက `ေဟတု ပစၥေယာတဲ့ဗ်ာ´ ဟု ဝိုင္း၍ ျပစ္တင္စကားေျပာၾက၏။

ဆရာေတာ္ ဦးဗုဓ္ ၏အေျဖကား (ဧရာမ ေက်ာင္းေတာ္ႀကီး လႉဒါန္းၿပီး ဧရာမ မိဖုရားႀကီးက ဧရာမ ကထိန္ပြဲႀကီး က်င္းပရာမွာ ဧရာမ ပ႒ာန္းတရားေတာ္ႀကီးေဟာလိုက္တာ ဘယ္သူက ဘာေျပာခ်င္ၾကေသးသလဲ ) ဟူ၍ျဖစ္ရာ မည္သူမ်ွျပန္လည္ မေခ်ပႏုိင္ဘဲ ဆိတ္ဆိတ္ေနၾကရသည္။

ကထိန္ပြဲအတြင္း သကၤန္းေဟာင္းကို ဝတ္႐ုံေသာ ေက်ာင္းေန ရဟန္းငယ္ကို ဦးဗုဓ္ က မိမိ ေ႐ွ႕ေတာ္သို႔ ေခၚယူ၍ `ဤ ကထိန္ အလွဴႀကီးကို ကိုယ္ေတာ္ကေလး ခံယူပါ´ ဟု တိုက္တြန္း၏။

ဦးဗုဓ္၏ေနာင္ေတာ္ ဆရာေတာ္ ဦးသူက`ကိုယ္ေတာ္ကို ရည္မွန္းစီမံ ခင္းက်င္းထားရာမွာ သာမန္ရဟန္းငယ္ေလးကို ကထိန္ခံယူေစလ်ွင္ အလွဴ႐ွင္စိတ္ေကာင္းႏုိင္ပါ့မလား´ ဟု မိန္႔ရာ `ကိုယ္ေတာ္တို႔ ယခုေနတာ ဘုရားသာသနာေတာ္မွာ ေနသလား ၊ မိဖုရား မယ္ႏု သာသနာေတာ္မွာ ေနသလား ´ ဟု ျပန္ေမးသျဖင့္ မေျဖႏုိင္ ႐ွိရသည္။

မင္းႏွင့္မိဖုရားေ႐ွ႕၌ပင္ ဦးဗုဓ္က.ထိုစကား မိန္႔ဆိုေသာ္လည္း မည္သို႔မ်ွ ေစတနာ ေျပာင္းလဲ တုန္လႈပ္ျခင္း မ႐ွိေခ်။ ဆရာေတာ္ကလည္း `ေဟတု ပစၥေယာ ´ တရားေတာ္ႏွင့္ပင္ နိဂုံးခ်ဳပ္ခဲ့သည္။

ဆရာညိဳျမ

ကုန္းေဘာင္ရွာပုံေတာ္

ခ်မ္းေျမ့ေဇယ်ာသာမေဏေက်ာ္တကၠသိုလ္ ပဲခူးၿမိဳ႕၏ ပို႔စ္မွတဆင့္ကူးယူေဖာ္ျပျခင္းပါ..။

ZN.H

===============

ဦးဗုဓ် လို ဆရာတော်မျို ု းရှိသင့်ပြီ

==================

အမတ်ကြီး ဦးပေါ်ဦး ကျောင်းသို့ရောက်စဉ်က ဖြစ်သည်။ ဆရာတော်က ရေကန်အနီး တံမြက်လှည်းနေခိုက်ဖြစ်၍ ထိုနေရာ၌ပင် ဦးဗုဓ်ကို ဝပ်ချ အလေးပြု၏။ ထိုနောက်-

ဦးပေါ်ဦး။ ။ရေကန်ကြီးကဖြင့် အလွန် ကောင်းပါပေသည် ဘုရား။

ဦးဗုဓ် ။ ။အေး…..ကောင်းတယ်။

ဦးပေါ်ဦး။ ။ရေကလည်း အလွန် ကြည်တယ်။

ဦးဗုဓ် ။ ။အေး…..ကြည်တယ်။

ဦးပေါ်ဦး။ ။ဤရေကန်ကြီး မည်မျှ နက်ပါသနည်းဘုရား။

ဦးဗုဓ် ။ ။ငါ……မသိဘူး။

ဦးပေါ်ဦး ။ ။ဆရာတော် သီတင်းသုံးတော်မူသောကျောင်းတိုက်အတွင်း ဖြစ်၍ နီးသည့်အတွက် သိလိမ့်မည် ထင်မှတ်၍ လျှောက်မိပါသည် ဘုရား။

ဦးဗုဓ် ။ ။နီးတိုင်း သိရမည်ဆိုလျှင် သင်၏နှုတ်ခမ်းမွှေး ဘယ်နှပင် ရှိသနည်း။

ဦးပေါ်ဦး။ ။သတိမထားမိ၍ ဘယ်နှပင်ရှိကြောင်းမသိပါ ဘုရား။

ဦးဗုဓ် ။ ။သင့်နှုတ်ခမ်းမွှေး ဘယ်နှပင်ရှိသည်ဟု သင်မသိဘဲ ဤရေကန်၏ အတိမ်အနက်ကိုကော ငါ သိနိုင်မည်လား။

ဤသို့ မိန့်တော်မူလိုက်ရာ စကားတတ်လှသော ပညာရှိအမတ်ကြီးသည် ရှေ့သို့ စကားဆက်၍ မရသဖြင့် ရှိခိုးဦးချကာ ပြန်ခဲ့ရလေသည်။

ဟာသဖြင့် ဘိုးတော်မင်းတရားကြီးကို အနိုင်ယူလေ့ရှိသော ဦးပေါ်ဦး သည် ဦးဗုဓ် နှင့်တွေ့ကာမှနောက်ကောက်ကျလေတော့သည်။

အင်းဝ နေပြည်တော်ရှိ ရဟန်းငယ်တို့သည် သီတင်းဝါလကျွတ်၍ စာဝါ ရပ်နားနေခိုက် ဘုန်းကြီးကျောင်းတိုက်များသို့ လှည့်လည်သွားလာကြရာ ဦးဗုဓ် ၏အုတ်ကျောင်းသို့ ရောက်လာကြ၏။

စာကြည့်နေသော ဆရာတော်ကို ဦးခိုက်ပြီး ပိပြားစွာ ထိုင်နေကြရာ ဆရာတော်က `ဘာကိစ္စ ကြွလာကြသလဲ´ မေး၏။

`တပည့်တော်များ မရောက်ဖူး၍ အလည်လာကြပါသည် ဘုရား´ ဟု လျှောက်ထားလေသော် `အိမ်း…မရောက်ဖူးရင် မြင်းမိုရ်တောင်အထိ သွားကြပါလား။

အလကား အချည်းနှီး အချိန်ကုန်အောင် လှည့်လည်၍ ဖြုန်းနေကြသည်´ ဟု မိန့်ဆိုမည်တမ်းသဖြင့် ကြာရှည်စွာ မနေဝ့ံ၊ဦးချကာ ပြန်သွားကြသည်။

တစ်နေ့တွင် ဦးဗုဓ်က စာချနေဆဲ သာသနာပိုင်က သူ့ထံ ကြွလာရာ သံဃာငယ်တို့က သင်ဖြူးခင်းကြ၏။

ဦးဗုဓ်။ ။ဘာလုပ်ကြတာတုံး။

ကိုရင်။ ။သာသနာပိုင် လာလို့ နေရာခင်းပါတယ်။

ဦးဗုဓ် ။ ။သာသနာပိုင်က ကိုယ့်နေရာ ကိုယ်နေတာ မဟုတ်ဘူး။

(ထိုအသံကြား၍ ဦးညေယျက ကျောင်းပေါ်မတက်တော့ဘဲ လှေကားမှ ပြန်ကြွသွား၏။ဦးဗုဓ်ကို သူ့ထံ ကြွရန် စာရေးပင့်လေသည်။)

ဦးဗုဓ် ။ ။ဦးညေယျက ကျုပ်ကို ဘာကိစ္စ. ခေါ်တာတုံးဗျ။

ယျ ။ ။တခြား အကြောင်းထူး မရှိပါ။တပည့်တော်မှာ လူငယ်ဖြစ်လျှက် သာသနာပြုရသောကြောင့် ချွတ်ချော်တိမ်းပါး အမှားများမြင်တွေ့လျှင် ဆို ဆုံးမတော်မူစေလိုပါတယ်။

ဦးဗုဓ် ။ ။ကိုယ်စွမ်းလို့ ကိုယ်ဖြစ်တာ ပြောစရာ မလိုပါဘူး။

အုတ်ကျောင်းမှ ရဟန်းငယ်များ ဆေးလိပ်သောက်သည်ကို သာသနာပိုင်က ပိတ်ပင်ရာ`ဆေးလိပ်သောက်တာက သာသနာပိုင် ဘုရားတည်တာလောက် အပြစ်မကြီးပါဘူး´ ဟုမိန့်ဆို၏။

ဝိသုဒ္ဓိမဂ်၌ ရဟန်းတို့ အလှူပေးခြင်း ၊ ဘုရားတည်ခြင်းမှာ အပြစ်မလွတ် ဟု ဆိုလေသည်။

မယ်နုသည် သူ့ဆရာတော်ရင်း ဦးဗုဓ်၏ ပစ္စည်းလေးပါး ဒါယကာမကြီးအဖြစ် အဖိုးတန်ပစ္စည်းများ၊ပဒေသာပင်များမှစ၍ လိုလေသေးမရှိထောက်ပ့ံ၏။

ဆရာတော်မူကား ဘာမျှ သိုမှီးခြင်းမရှိဘဲ ရောက်လာသမျှ ပစ္စည်းတို့်ကို ကျောင်းတွင်သံဃာများသို့ အလှည့်ကျဝေပေးသည်။ အလိုရှိသူတို့က ကြိုက်ရာယူသွားလျှင်လည်း ဆရာတော်ကမည်သို့မျှ မဆိုချေ။

နှစ်စဉ် မယ်နုက ကျင်းပသော ဘုံကထိန်ပွဲကြီး၌ ဦးဗုဓ် ကို တရားဟောရန် တိုက်တွန်းရာ ဆရာတော်က .`ဟေတု ပစ္စယော´ဟူသော ၂၄ ပစ္စည်းဂါထာကို ရွတ်တော်မူကာ ဆိတ်ဆိတ်နေလျှင် ရှင်ဘုရင်ကလည်း ရေစက်သွန်းချ အမျှဝေရလေတော့သည်။

ထိုအခါ လေးပြင်လေးရပ် ကြွလာတော်မူကြသော ဆရာတော်ကြီးများ က`ဦးဗုဓ် ကို စာတတ်သည်ဟု ကြည်ညိုလွန်းလှ၍၊ ဧရာမ ကျောင်းတော်ကြီးကို လှူဒါန်း၍၊ ဧရာမ မိဖုရားကြီးက. ဧရာမ ကထိန်ပွဲကြီး ကျင်းပရာမှာ တကတဲဗျာ ဟောလိုက်သည့်တရားက `ဟေတု ပစ္စယောတဲ့ဗျာ´ ဟု ဝိုင်း၍ ပြစ်တင်စကားပြောကြ၏။

ဆရာတော် ဦးဗုဓ် ၏အဖြေကား (ဧရာမ ကျောင်းတော်ကြီး လှူဒါန်းပြီး ဧရာမ မိဖုရားကြီးက ဧရာမ ကထိန်ပွဲကြီး ကျင်းပရာမှာ ဧရာမ ပဋ္ဌာန်းတရားတော်ကြီးဟောလိုက်တာ ဘယ်သူက ဘာပြောချင်ကြသေးသလဲ ) ဟူ၍ဖြစ်ရာ မည်သူမျှပြန်လည် မချေပနိုင်ဘဲ ဆိတ်ဆိတ်နေကြရသည်။

ကထိန်ပွဲအတွင်း သင်္ကန်းဟောင်းကို ဝတ်ရုံသော ကျောင်းနေ ရဟန်းငယ်ကို ဦးဗုဓ် က မိမိ ရှေ့တော်သို့ ခေါ်ယူ၍ `ဤ ကထိန် အလှူကြီးကို ကိုယ်တော်ကလေး ခံယူပါ´ ဟု တိုက်တွန်း၏။

ဦးဗုဓ်၏နောင်တော် ဆရာတော် ဦးသူက`ကိုယ်တော်ကို ရည်မှန်းစီမံ ခင်းကျင်းထားရာမှာ သာမန်ရဟန်းငယ်လေးကို ကထိန်ခံယူစေလျှင် အလှူရှင်စိတ်ကောင်းနိုင်ပါ့မလား´ ဟု မိန့်ရာ `ကိုယ်တော်တို့ ယခုနေတာ ဘုရားသာသနာတော်မှာ နေသလား ၊ မိဖုရား မယ်နု သာသနာတော်မှာ နေသလား ´ ဟု ပြန်မေးသဖြင့် မဖြေနိုင် ရှိရသည်။

မင်းနှင့်မိဖုရားရှေ့၌ပင် ဦးဗုဓ်က.ထိုစကား မိန့်ဆိုသော်လည်း မည်သို့မျှ စေတနာ ပြောင်းလဲ တုန်လှုပ်ခြင်း မရှိချေ။ ဆရာတော်ကလည်း `ဟေတု ပစ္စယော ´ တရားတော်နှင့်ပင် နိဂုံးချုပ်ခဲ့သည်။

ဆရာညိုမြ

ကုန်းဘောင်ရှာပုံတော်

ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ပဲခူးမြို့၏ ပို့စ်မှတဆင့်ကူးယူဖော်ပြခြင်းပါ..။

ZN.H

Leave a Reply