အဂၤလိပ္နာမည္ႏွင့္ ပုဂံကဘုရားတစ္ဆူ

 

ပုုဂံတြင္အဂၤလိပ္နာမည္ႏွင့္ဘုရားတစ္ဆူ

✳ လွည္းဝန္ရိုးသံတစ္ညံညံ ပုဂံဘုရားေပါင္း ဟုစာဆိုရွိေသာပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမတြင္ ထူးထူးဆန္းဆန္း အဂၤလိပ္နာမည္ႏွင့္ ဘြဲ႕ေပးထား ေသာဘုရားတစ္ဆူရွိသည္။

ထုိ ဓမၼရံၾကီး ဘုရားသြားရာ လမ္းတြင္ ရွိေသာ ဤဘုရားမွာ `MR. SCOVELL’S PAWDAWMU´ ဟု အဂၤလိပ္ဘာသာျဖင့္ ကမၸည္းေရးထုိးထားသည္ကုိ ေတြ႕ရသည္။

✳ ဤဘုရားဘြဲ႕ ျဖစ္လာပုံကုိျပန္ေလ့လာၾကည့္မည္ဆုိလွ်င္( ၁၈၉၉ ) ခုႏွစ္ခန္႕က ျဖစ္ခဲ့သည္။ ပုဂံဝက္ၾကီးအင္းဂူေျပာက္ၾကီးဘုရားရွိ နံရံပန္းခ်ီကုိ ဂ်ာမန္လူမ်ိဳး ေဒါက္တာ ( Dr. Thoman )က သုေတသနျပဳရန္ အေၾကာင္းျပျပီး လႊျဖင့္တုိက္ျဖတ္ကာ အပုိင္းလုိက္ခုိးယူသြား ခဲ့ဖူးသည္။

ဖြားေစာရြာသူၾကီး ဦးထြန္းဦးသည္ႏြားေပ်ာက္ကာလုိက္ရွာရင္း ထုိခုိးယူမႈ ကုိေတြ႕ေသာအခါ ပခုကၠဴအေရးပုိင္ ( Mr. Scovell ) မစၥတာစကုိဘယ္လ္ထံ တရားလုိျပဳတုိင္တန္းခဲ့သည္။ ထုိ႕ေၾကာင့္ မစၥတာစကုိဘယ္လည္း ေထာ္မန္ကိုဖမ္းဆီးကာ အိႏၵိယ အာဏာပိုင္လက္ထဲသုိ႕ လႊဲအပ္ေပးလုိက္သည္။

✳ ေထာ္မန္ခုိးယူခဲ့သည့္ ပစၥည္းမ်ားကုိ သိမ္းဆည္းရန္အတြက္( ၁၉၀၄ ) ခုႏွစ္ ပုဂံတြင္ ယခုပုဂံ ျပတုိက္ၾကီး ျဖစ္ေပၚလာေစမည့္ကမၸည္းေက်ာက္စာဌာန ဟူ၍ ဌာနတစ္ခုကုိ စတင္တည္ေထာင္ေပးခဲ့သည္။ ေနာင္တြင္ နူုိင္ငံျခားသားခုိးယူလွ်င္ ျပည္ဝင္ခြင့္ပိတ္ကာနုိူင္ငံသားျဖစ္လွ်င္ ေထာင္ဒဏ္ ( ၃ ) လ ခ်မွတ္သည့္ ဥပေဒကုိေရးဆြဲျပဌာန္းေပး ခ့ဲသည္။

✳ မစၥတာစကုိဘယ္လ္သည္ ဦးထြန္းဦးႏွင့္ ပတ္သက္မႈမ်ားလာကာ ေရွးေဟာင္းျမန္မာမႈကုိ ႏွစ္သက္ျမတ္ႏူိး လာသည္။တစ္ေန႕ေသာအခါ ပုဂံတြင္ ဘုရားတစ္ဆူၿပိဳက်သည္ကုိ ဦးထြန္းဦးကအစီရင္ခံသျဖင့္ မစၥတာစကုိဘယ္လည္း ပခုကၠဴမွ ပုဂံသုိ႔ဆင္းလာသည္။ စကုိဘယ္သည္ ထုိအုတ္မ်ားအား ဖယ္ရွားေစေသာအခါအတြင္းပုိင္းတြင္ အဂၤေတပန္းတုိ႕ အေကာင္းနီးပါး က်န္ေနေသာဘုရားတစ္ဆူ ေပၚလာသည္။

✳ ထုိဘုရား၏ေအာက္ေျခကုိလည္း ျပန္လည္ျပဳ ျပင္ခဲ့သည္။ဖြားေစာရြာသူၾကီး ကလည္း ဤကဲ့သုိ႕ ဥပေဒသစ္ေရးဆြဲ ေပးျခင္းေရွးေဟာင္း အေဆာက္အဦး မ်ားကုိ ကာကြယ္ေစာင့္ေရွာက္ေပးျခင္းတုိ႔ကုိ ေဆာင္ရြက္ေပးခဲ့ေသာ မစၥတာ စကုိဗယ္လ္ကုိေက်းဇူးတင္သည့္ အေနျဖင့္ ထုိဘုရားကုိလည္း မစၥတာ စကုိဘယ္၏ေပၚေတာ္မူဘုရားဟု ဘြဲ႕ေတာ္ေပးလုိက္ သည္။

✳ ဘုရားသည္ ပုဂံေခတ္ အေစာဆုံးလက္ရာမ်ားမွဘုရားတစ္ဆူျဖစ္သည္။ သဇင္ကုိအေျခခံထားသည့္ ကႏုတ္ပန္းမ်ားျဖင့္ပူေဇာ္ထားသည္။ ထုိကႏုတ္ပန္းမ်ားသည္ ပုဂံပန္းဟုေခၚတြင္ရမည့္ဘီလူး ပန္းဆြဲ၏ ေရွ႕ေျပးပန္းဒီဇိုင္းမ်ား ျဖစ္ပါေၾကာင္း ေရးသားတင္ဆက္ လုိက္ပါသည္။

✳ သုခုမအလင္းတန္းမ်ား

✳ သိုးမည္း

share – U Zinn Myo

=============

ပုုဂံတွင်အင်္ဂလိပ်နာမည်နှင့်ဘုရားတစ်ဆူ

✳ လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း ဟုစာဆိုရှိသောပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ထူးထူးဆန်းဆန်း အင်္ဂလိပ်နာမည်နှင့် ဘွဲ့ပေးထား သောဘုရားတစ်ဆူရှိသည်။

ထို ဓမ္မရံကြီး ဘုရားသွားရာ လမ်းတွင် ရှိသော ဤဘုရားမှာ `MR. SCOVELL’S PAWDAWMU´ ဟု အင်္ဂလိပ်ဘာသာဖြင့် ကမ္ပည်းရေးထိုးထားသည်ကို တွေ့ရသည်။

✳ ဤဘုရားဘွဲ့ ဖြစ်လာပုံကိုပြန်လေ့လာကြည့်မည်ဆိုလျှင်( ၁၈၉၉ ) ခုနှစ်ခန့်က ဖြစ်ခဲ့သည်။ ပုဂံဝက်ကြီးအင်းဂူပြောက်ကြီးဘုရားရှိ နံရံပန်းချီကို ဂျာမန်လူမျိုး ဒေါက်တာ ( Dr. Thoman )က သုတေသနပြုရန် အကြောင်းပြပြီး လွှဖြင့်တိုက်ဖြတ်ကာ အပိုင်းလိုက်ခိုးယူသွား ခဲ့ဖူးသည်။

ဖွားစောရွာသူကြီး ဦးထွန်းဦးသည်နွားပျောက်ကာလိုက်ရှာရင်း ထိုခိုးယူမှု ကိုတွေ့သောအခါ ပခုက္ကူအရေးပိုင် ( Mr. Scovell ) မစ္စတာစကိုဘယ်လ်ထံ တရားလိုပြုတိုင်တန်းခဲ့သည်။ ထို့ကြောင့် မစ္စတာစကိုဘယ်လည်း ထော်မန်ကိုဖမ်းဆီးကာ အိန္ဒိယ အာဏာပိုင်လက်ထဲသို့ လွှဲအပ်ပေးလိုက်သည်။

✳ ထော်မန်ခိုးယူခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းရန်အတွက်( ၁၉၀၄ ) ခုနှစ် ပုဂံတွင် ယခုပုဂံ ပြတိုက်ကြီး ဖြစ်ပေါ်လာစေမည့်ကမ္ပည်းကျောက်စာဌာန ဟူ၍ ဌာနတစ်ခုကို စတင်တည်ထောင်ပေးခဲ့သည်။ နောင်တွင် နူုိင်ငံခြားသားခိုးယူလျှင် ပြည်ဝင်ခွင့်ပိတ်ကာနိုူင်ငံသားဖြစ်လျှင် ထောင်ဒဏ် ( ၃ ) လ ချမှတ်သည့် ဥပဒေကိုရေးဆွဲပြဌာန်းပေး ခဲ့သည်။

✳ မစ္စတာစကိုဘယ်လ်သည် ဦးထွန်းဦးနှင့် ပတ်သက်မှုများလာကာ ရှေးဟောင်းမြန်မာမှုကို နှစ်သက်မြတ်နိူး လာသည်။တစ်နေ့သောအခါ ပုဂံတွင် ဘုရားတစ်ဆူပြိုကျသည်ကို ဦးထွန်းဦးကအစီရင်ခံသဖြင့် မစ္စတာစကိုဘယ်လည်း ပခုက္ကူမှ ပုဂံသို့ဆင်းလာသည်။ စကိုဘယ်သည် ထိုအုတ်များအား ဖယ်ရှားစေသောအခါအတွင်းပိုင်းတွင် အင်္ဂတေပန်းတို့ အကောင်းနီးပါး ကျန်နေသောဘုရားတစ်ဆူ ပေါ်လာသည်။

✳ ထိုဘုရား၏အောက်ခြေကိုလည်း ပြန်လည်ပြု ပြင်ခဲ့သည်။ဖွားစောရွာသူကြီး ကလည်း ဤကဲ့သို့ ဥပဒေသစ်ရေးဆွဲ ပေးခြင်းရှေးဟောင်း အဆောက်အဦး များကို ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သော မစ္စတာ စကိုဗယ်လ်ကိုကျေးဇူးတင်သည့် အနေဖြင့် ထိုဘုရားကိုလည်း မစ္စတာ စကိုဘယ်၏ပေါ်တော်မူဘုရားဟု ဘွဲ့တော်ပေးလိုက် သည်။

✳ ဘုရားသည် ပုဂံခေတ် အစောဆုံးလက်ရာများမှဘုရားတစ်ဆူဖြစ်သည်။ သဇင်ကိုအခြေခံထားသည့် ကနုတ်ပန်းများဖြင့်ပူဇော်ထားသည်။ ထိုကနုတ်ပန်းများသည် ပုဂံပန်းဟုခေါ်တွင်ရမည့်ဘီလူး ပန်းဆွဲ၏ ရှေ့ပြေးပန်းဒီဇိုင်းများ ဖြစ်ပါကြောင်း ရေးသားတင်ဆက် လိုက်ပါသည်။

✳ သုခုမအလင်းတန်းများ

✳ သိုးမည်း

share – U Zinn Myo