လွန်းညတောင်တန်းက သမိုင်းဝင်လိုဏ်ဂူကြီး


••••••••••••••••••••••••••••••••

ကရင်ပြည်နယ် ဘားအံမြို့နယ် လွန်းညစံပြကျေးရွာအုပ်စုတွင် ကမ္ဘာ့လိုဏ်ဂူများသုတေသနလေ့လာ ရှာဖွေနေသောအဖွဲ့ဖြစ်သည့်ဆွစ်ဇာလန်နိုင်ငံပြင်သစ်နိုင်ငံသားများပူးပေါင်းအဖွဲ့သည်အိန္ဒုနှင့်မိုက်အောင်ကျေးရွာအနီးတွင်အိန္ဒုရွာသားတို့၏လမ်းညွှန်မှုဖြင့်လွန်းညတောင်တန်းရှိသမိုင်းဝင်လိုဏ်ဂူကြီးကိုသွားရောက်လေ့လာသုတေသနပြုခဲ့ပါသည်။

 



 


 


 


=================

လွန်းညတောင်တန်း အိန္ဒုကျေးရွာအနီးရှိသမိုင်းဝင်လိုဏ်ဂူကြီးနိုင်ငံခြားသုတေသနအဖွဲ့လာရာက်လေ့လာ

••••••••••••••••••••••••••••••••

ကရင်ပြည်နယ် ဘားအံမြို့နယ် လွန်းညစံပြကျေးရွာအုပ်စုတွင် ကမ႓ာ့လိုဏ်ဂူများသုတေသနလေ့လာ ရှာဖွေနေသောအဖွဲ့ဖြစ်သည့်ဆွစ်ဇာလန်နိုင်ငံပြင်သစ်နိုင်ငံသားများပူးပေါင်းအဖွဲ့သည်အိန္ဒုနှင့်မိုက်အောင်ကျေးရွာအနီးတွင်အိန္ဒုရွာသားတို့၏လမ်းညွှန်မှုဖြင့်လွန်းညတောင်တန်းရှိသမိုင်းဝင်လိုဏ်ဂူကြီးကိုသွားရောက်လေ့လာသုတေသနပြုခဲ့ပါသည်။

အဆိုပါလိုဏ်ဂူသည် ကော့ကသောင်ဂူထက်ကြီးမားနေသည်ကိုလည်း သိရှိရပါသည်။သမိုင်းကြောင်းအရ ဘိုးဘွားလက်ထက်တွင် ယိုးဒယားများ ကရင်လူမျိုးတွေကိုယိုးဒယားနိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်ရန် ဤဂူအတွင်းသို့ကရင်လူမျိုးတွေကိုစုပြီးယိုးဒယားသို့ခေါ်ဆောင်ရန်ခေတ္တထားသည့်နေရာဟုဘိုးဘွားတွေရဲ့ပြောပြချက်အရသိရပါတယ်။

အဆိုပါဂူကြီးကိုထိန်သိမ်းပြီး သဘာဝခရီးသွားလုပ်ငန်းဖွင့်လှစ်နိုင်ရန်ကြိုးပမ်းသွားမည်ဟု အိန္ဒုရွာနေသူတစ်ဦးကပြောကြားသွားပါတယ်။

လွန်းညတောင်တန်းတွင်သဘာဝသစ်တောသားရိုင်းတရိစ္ဆာန်များစွာရှိသည့်အတွက်မျိုးမတုံးအောင်ကာကွယ်ထိန်းသိမ်းဖို့သင့်တယ်လို့ သုတေသနအဖွဲ့ကပြောခဲ့ပြီးကျောက်ထုတ်လုပ်ရေးကျောက်မိုင်းလုပ်ကိုင်နေသောလုပ်ငန်းများရှိနေသည်ကိုအလွန်စိတ်မကောင်းဖြစ်ခဲ့ရပါသည်ကိုလည်းထည့်သွင်းပြောကြားခဲ့ပါသည်။

၎င်းတို့အဖွဲ့သည်လွန်းတောင်တန်းရှိလိုဏ်ဂူများကိုသွားလေ့လာခဲ့ပြီး အမြင့်ပေတိုင်းတာမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

crd . . လွန်းညစံပြကျေးရွာ –