သူေတာင္းစား အဘိုးအိုႀကီး က ဘဝတူကေလးကို ဆုံးမလိုက္တဲ့ ဆုံးမစာ….။

တစ္ခါတုန္းက လမ္းေဘးက အဘိုးအို တစ္ေယာက္က သူနဲ႔ဘဝတူခ်င္း ျဖစ္တဲ့ ကေလးတစ္ေယာက္ကို ပုံျပင္တစ္ပုဒ္ ေျပာျပဖူးတယ္ပုံျပင္ေလးရဲ႕နာမည္ ကကိုယ္ကိုကိုယ္ အထင္ႀကီးရင္ရႈံးနိမ့္ရတယ္တဲ့

ဟိုတုန္းကၿမိဳ႕တစ္ၿမိဳ႕မွာ အရမ္းခ်မ္းသာတဲ့ သူေ႒းသား တစ္ေယာက္ ရွိခဲ့ဖူးတယ္။

သူေ႒းသား က အသက္ကလည္းငယ္ ဘြဲ႕ရ ပညာတတ္ဆိုေတာ့ မာန္မာနေလးေတြ ရွိေနတာေပါ့ !

သူေ႒းသား ဆိုတဲ့အတိုင္း အလုပ္ ကလည္းမလုပ္….

တစ္ေန႔တစ္ေန႔ အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ပါးေနတာ အခ်ိန္ေတြ ကုန္လာလိုက္တာ မိဘေတြေတာင္ ေနာက္ဆုံးအခ်ိန္ကို ေရာက္လာ ပါေလေရာ!

ဒါနဲ႔ အိပ္ယာထဲ လွဲေနတဲ့မိဘေတြက သူတို႔သားကို အလုပ္လုပ္ဖို႔ ေျပာေပမဲ့ သားကမလုပ္ဘူး။

ေနာက္ေတာ့ မိဘ ေတြေသတယ္ဆိုပါေတာ့!

မိဘ ေတြကလည္း ေသ သားကလည္း အေပါင္းအသင္း ေတြနဲ႔ ေဟးလာ ဝါးလာလုပ္ေနတာ မိဘေတြရွာထားတဲ့ စည္းစိမ္ေတြ ျပဳတ္တဲ့အထိဆိုပါေတာ့ !

ေနာက္ေတာ့ပိုက္ဆံမရွိေတာ့ အိမ္ေပါင္ အိမ္ေရာင္း လုပ္ၿပီးေနလာလိုက္တာ! ေနာက္ဆုံး ေနစရာမရွိ ျဖစ္သြားေတာ့တယ္။

ေနာက္ေတာ့ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ အလုပ္ လုပ္မယ္ဆိုေတာ့လည္း သူေ႒းသားဘဝနဲ႔ ေမာက္ေမာက္မာမာ ေနလာေတာ့ သူတစ္ပါး စီမွာ အလုပ္လုပ္ဖို႔လည္းမျဖစ္ႏိုင္ဘူးေလ !

အဲဒါနဲ႔ ကေလးက”အဘိုးတဲ့ အဲဒီသူေ႒းသားက ေနာက္ေတာ့ ဘာျဖစ္သြားလဲတဲ့” ေမးေတာ့ အဘိုးအိုက ရယ္ၿပီးေတာ့” အဲဒီသူေ႒းသားက သူေတာင္းစား ျဖစ္သြားတာေပါ့ကြယ္”လို႔ေျပာလိုက္တယ္ ။

ဒါနဲ႔ အဘိုးအိုက” ကေလးတဲ့အဲဒီသူေ႒းသားက ဘယ္သူလဲဆိုတာ မသိခ်င္ဘူးလားတဲ့ ? ” ကေလးက လည္း “သိခ်င္တယ္” ေပါ့

အဘိုးက ကေလးတဲ့” တကယ္ေတာ့ အဲဒီသူေ႒းသားက တျခားသူ မဟုတ္ဘူးတဲ့ အဘိုးပဲ” လို႔ ေျပာလိုက္ေတာ့ ကေလးက အရမ္းအံ့ၾသသြားတာေပါ့ !

အဘိုအိုးက ထပ္ေျပာျပန္တယ္ ကေလးတဲ့ “ေလာကမွာဆင္းရဲလို႔လဲ စိတ္ဓာတ္မက်နဲ႔ ခ်မ္းသာလို႔လဲ မာန္မတတ္နဲ႔ ” တဲ့….

“ဆင္းရဲလို႔စိတ္ဓာတ္က်ေနရင္” ဘယ္ေတာ့မွထိပ္ေရာက္မွာမဟုတ္ဘူး…။

“ခ်မ္းသာလို႔လဲမာန္မတတ္နဲ႔တဲ့” မာန္တတ္လို႔ျပဳတ္က်ရင္ဘယ္ေတာ့မွနလန္ထူႏိုင္မွာမဟုတ္ဘူးတဲ့။

ေျခ၊လက္ေကာင္းေတြ ရွိပါလ်က္ အလုပ္မလုပ္လိုပဲ မိဘမ်ားကို အားကိုးေနသူမ်ား ဘဝင္ျမင့္၍ ဘဝကိုေပါ့စစြာ ေနတတ္သူေတြ အတြက္ သင္ခန္းစာေလးမို႔ ေမတၱာျဖင့္ မွ်ေဝတာပါ…။

ေတြးေတာႏိုင္ၾကပါေစရွင္ ✌

စာဖက္သူ ခ်စ္မိတ္ေဆြအားလုံး က်န္းမာ၊ခ်မ္းသာၾကပါေစ…

credit. Machit Mg

=======================

တစ်ခါတုန်းက လမ်းဘေးက အဘိုးအို တစ်ယောက်က သူနဲ့ဘဝတူချင်း ဖြစ်တဲ့ ကလေးတစ်ယောက်ကို ပုံပြင်တစ်ပုဒ် ပြောပြဖူးတယ်ပုံပြင်လေးရဲ့နာမည် ကကိုယ်ကိုကိုယ် အထင်ကြီးရင်ရှုံးနိမ့်ရတယ်တဲ့

ဟိုတုန်းကမြို့တစ်မြို့မှာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးသား တစ်ယောက် ရှိခဲ့ဖူးတယ်။

သူဋ္ဌေးသား က အသက်ကလည်းငယ် ဘွဲ့ရ ပညာတတ်ဆိုတော့ မာန်မာနလေးတွေ ရှိနေတာပေါ့ ! သူဋ္ဌေးသား ဆိုတဲ့အတိုင်း အလုပ် ကလည်းမလုပ်…..

တစ်နေ့တစ်နေ့ အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေတာ အချိန်တွေ ကုန်လာလိုက်တာ မိဘတွေတောင် နောက်ဆုံးအချိန်ကို ရောက်လာ ပါလေရော!

ဒါနဲ့ အိပ်ယာထဲ လှဲနေတဲ့မိဘတွေက သူတို့သားကို အလုပ်လုပ်ဖို့ ပြောပေမဲ့ သားကမလုပ်ဘူး။

နောက်တော့ မိဘ တွေသေတယ်ဆိုပါတော့!

မိဘ တွေကလည်း သေ သားကလည်း အပေါင်းအသင်း တွေနဲ့ ဟေးလာ ဝါးလာလုပ်နေတာ မိဘတွေရှာထားတဲ့ စည်းစိမ်တွေ ပြုတ်တဲ့အထိဆိုပါတော့ !

နောက်တော့ပိုက်ဆံမရှိတော့ အိမ်ပေါင် အိမ်ရောင်း လုပ်ပြီးနေလာလိုက်တာ! နောက်ဆုံး နေစရာမရှိ ဖြစ်သွားတော့တယ်။

နောက်တော့ ကိုယ်ပိုင်အရည်အချင်းနဲ့ အလုပ် လုပ်မယ်ဆိုတော့လည်း သူဋ္ဌေးသားဘဝနဲ့ မောက်မောက်မာမာ နေလာတော့ သူတစ်ပါး စီမှာ အလုပ်လုပ်ဖို့လည်းမဖြစ်နိုင်ဘူးလေ !

အဲဒါနဲ့ ကလေးက”အဘိုးတဲ့ အဲဒီသူဋ္ဌေးသားက နောက်တော့ ဘာဖြစ်သွားလဲတဲ့” မေးတော့ အဘိုးအိုက ရယ်ပြီးတော့” အဲဒီသူဋ္ဌေးသားက သူတောင်းစား ဖြစ်သွားတာပေါ့ကွယ်”လို့ပြောလိုက်တယ် ။

ဒါနဲ့ အဘိုးအိုက” ကလေးတဲ့အဲဒီသူဋ္ဌေးသားက ဘယ်သူလဲဆိုတာ မသိချင်ဘူးလားတဲ့ ? ” ကလေးက လည်း “သိချင်တယ်” ပေါ့

အဘိုးက ကလေးတဲ့” တကယ်တော့ အဲဒီသူဋ္ဌေးသားက တခြားသူ မဟုတ်ဘူးတဲ့ အဘိုးပဲ” လို့ ပြောလိုက်တော့ ကလေးက အရမ်းအံ့သြသွားတာပေါ့ !

အဘိုအိုးက ထပ်ပြောပြန်တယ် ကလေးတဲ့ “လောကမှာဆင်းရဲလို့လဲ စိတ်ဓာတ်မကျနဲ့ ချမ်းသာလို့လဲ မာန်မတတ်နဲ့ ” တဲ့

“ဆင်းရဲလို့စိတ်ဓာတ်ကျနေရင်” ဘယ်တော့မှထိပ်ရောက်မှာမဟုတ်ဘူး။

“ချမ်းသာလို့လဲမာန်မတတ်နဲ့တဲ့” မာန်တတ်လို့ပြုတ်ကျရင်ဘယ်တော့မှနလန်ထူနိုင်မှာမဟုတ်ဘူးတဲ့။

ခြေ၊လက်ကောင်းတွေ ရှိပါလျက် အလုပ်မလုပ်လိုပဲ မိဘများကို အားကိုးနေသူများ ဘဝင်မြင့်၍ ဘဝကိုပေါ့စစွာ နေတတ်သူတွေ အတွက် သင်ခန်းစာလေးမို့ မေတ္တာဖြင့် မျှဝေတာပါ

တွေးတောနိုင်ကြပါစေရှင် ✌

စာဖက်သူ ချစ်မိတ်ဆွေအားလုံး ကျန်းမာ၊ချမ်းသာကြပါစေ…

credit. Machit Mg