Without ဆိုင္ကယ္စီးနင္းလွ်င္ ေထာင္သံုးႏွစ္

ဆိုင္ကယ္စီးလွ်င္ လိုင္စင္႐ွိ႐ွိမ႐ွိ႐ွိ ေထာင္သံုးႏွစ္ခ်မည္ဟု အတည္ျပဳထုတ္ျပန္လိုက္ၿပီျဖစ္သည္

လက္႐ွိရန္ကုန္တိုင္း စည္ပင္သာယာနယ္နိမိတ္အတြင္းရွိ ၿမိဳ႕ နယ္ ၃၃ ခု တြင္ ဆိုင္ကယ္စီးနင္းမႈမ်ားကို အေရးႀကီးသြင္းကုန္ ဥပေဒပုဒ္မ(၈)အရ ေထာင္ဒဏ္ သုံးႏွစ္အထိ ျပစ္ဒဏ္ခ်အေရးယူမည္ဟု သက္ဆိုင္ရာေဒသ အာဏာပိုင္မ်ားက ေၾကညာထားသည္။

ယခင္ကလိုင္စင္မဲ့ဆိုင္ကယ္ စီးနင္းသူမ်ားကို ယခင္က ဆိုင္ကယ္မ်ားကိုသာ ဖမ္းဆီးခဲ့ေသာ္လည္း ယခုဖမ္းဆီးမႈတြင္ စီးနင္းသူကိုပါ အျပစ္ေပးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္သည္။

ဒာကခ႐ိုင္က ၫႊန္ၾကားတာပါ။ ညက ရပ္ကြက္ထဲက လူေတြအားလုံးသိေအာင္ ေလာ္စပီကာနဲ႔ လိုက္ေအာ္တယ္။ ယာဥ္ထိန္းရဲရယ္၊ ၿမိဳ႕နယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးထဲက တာဝန္ရွိသူေတြေပါင္းၿပီး ဖမ္းမွာပါ”ဟု လႈိင္သာယာၿမိဳ႕နယ္မွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကေျပာသည္။

ဇူလိုင္လက ရန္ကုန္ၿမိဳ႕အတြင္း စီးနင္းခြင့္မရွိဘဲ ေမာင္းႏွင္သည့္ ဆိုင္ကယ္ ၅၈၀ ေက်ာ္ ဖမ္းဆီးအေရးယူခဲ့သည္ဟု ယာဥ္ထိန္းရဲတပ္ဖြဲ႕မႉး ႐ုံး (ရန္ကုန္)ထံမွ သိရသည္။

အခု ခ႐ိုင္ေလးခုက ခ႐ိုင္မႉးေတြ ဦးစီးၿပီးဖမ္းမယ္။ လိုင္စင္ ရွိရွိ၊ မရွိရွိ ေထာင္သုံးႏွစ္ပဲ။ စည္ပင္သာယာနယ္နိမိတ္ထဲမွာ ဆိုင္ကယ္လုံးဝမရွိေစရဘူးဆိုတဲ့ ရည္႐ြယ္ခ်ယ္နဲ႔”ဟု ရန္ကုန္တိုင္းေဒသႀကီး ယာဥ္ထိန္းရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲမႉးသာေဌးကေျပာသည္။

ဒါကေဆးလိပ္ေငြ႕လိုပါပဲ။ ၾကာရင္ေတာ့ အေငြ႕ျပယ္သြားမွာပဲေလ။ အခုေတာ့ ဆိုင္ကယ္ကို အိမ္ထဲမွာ သိမ္းထားလိုက္ဦးမယ္”ဟု ေ႐ႊျပည္သာၿမိဳ႕နယ္အတြင္းရွိ ဆိုင္ကယ္ပိုင္ရွင္တစ္ဦးက ဖမ္းဆီးမႈျပဳလုပ္မည္ႏွင့္ ပတ္သက္၍ ေျပာၾကားသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၿပီးခဲ့သည့္ ဇူလိုင္လက ေမာ္ေတာ္ဆိုင္ကယ္ မေတာ္တဆမႈ၊ ယာဥ္ႏွင့္ ဆိုင္ကယ္တိုက္မႈ စုစုေပါင္း ၈၂ ခု ျဖစ္ပြားခဲ့ၿပီး ၁၁ ဦး ေသဆုံးကာ ၁၀၃ ဦး ဒဏ္ရာရရွိခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလုံး၌ ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ လူ ၃၃၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ယခုႏွစ္ဧၿပီလအထိ လူ ၁၃၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ျဖစ္သည္။

ယာဥ္မေတာ္တဆမႈမ်ားျဖင့္ ေဆး႐ုံမ်ားသို႔ ေရာက္ရွိလာသည့္ လူနာမ်ား၏ သုံးပုံႏွစ္ပုံမွာ ဆိုင္ကယ္စီးနင္းသူမ်ား ျဖစ္သည္။

ဓာတ္ပုံမူရင္း – Kyar Nyo

Ref 7Days News

Unicode

ဆိုင်ကယ်စီးလျှင် လိုင်စင်ရှိရှိမရှိရှိ ထောင်သုံးနှစ်ချမည်ဟု အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်

လက်ရှိရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာထားသည်။

ယခင်ကလိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဒာကခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

ဇူလိုင်လက ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မရှိဘဲ မောင်းနှင်သည့် ဆိုင်ကယ် ၅၈၀ ကျော် ဖမ်းဆီးအရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး (ရန်ကုန်)ထံမှ သိရသည်။

အခု ခရိုင်လေးခုက ခရိုင်မှူးတွေ ဦးစီးပြီးဖမ်းမယ်။ လိုင်စင် ရှိရှိ၊ မရှိရှိ ထောင်သုံးနှစ်ပဲ။ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်လုံးဝမရှိစေရဘူးဆိုတဲ့ ရည်ရွယ်ချယ်နဲ့”ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးကပြောသည်။

ဒါကဆေးလိပ်ငွေ့လိုပါပဲ။ ကြာရင်တော့ အငွေ့ပြယ်သွားမှာပဲလေ။ အခုတော့ ဆိုင်ကယ်ကို အိမ်ထဲမှာ သိမ်းထားလိုက်ဦးမယ်”ဟု ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ဖမ်းဆီးမှုပြုလုပ်မည်နှင့် ပတ်သက်၍ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇူလိုင်လက မော်တော်ဆိုင်ကယ် မတော်တဆမှု၊ ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု စုစုပေါင်း ၈၂ ခု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ယခုနှစ်ဧပြီလအထိ လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

ယာဉ်မတော်တဆမှုများဖြင့် ဆေးရုံများသို့ ရောက်ရှိလာသည့် လူနာများ၏ သုံးပုံနှစ်ပုံမှာ ဆိုင်ကယ်စီးနင်းသူများ ဖြစ်သည်။

ဓာတ်ပုံမူရင်း – Kyar Nyo

Ref 7Days News