ဗိုလ္​ႀကီး ကြၽန္​​ေတာ္​ သူေတာင္းစား မဟုတ္ပါဘူး…

ဗိုလ္​ႀကီး ကြၽန္​​ေတာ္​ သူေတာင္းစား မဟုတ္ပါဘူး…

>>>>>>>>>>>>>>>>>

မေန႔က ကားေအာက္ပိုင္းေလးစစ္ဖို႔ ဝပ္ေရွာ့သြားျပတယ္။ နဲနဲၾကာေတာ့ ဖုန္းအင္တာနက္ေလးဖြင့္၊ ဟိုၾကည့္ဒီၾကည့္လုပ္ရင္းထိုင္ေစာင့္ေနမိတယ္။

႐ုံးဆင္းကာစ ႐ုံးကေနတန္းလာေတာ့ ယူနီေဖာင္းက မလဲရေသးဘူးဗ်။

အဲလိုနဲ ့ထိုင္ေစာင့္ေနရင္းမွာပဲ လူတစ္ေယာက္ ခ်ိဳင္းေထာက္နဲ ့က်ေတာ့္ဆီ တစ္ေျဖးေျဖးလွမ္းလာေနတာကိုသတိျပဳမိတယ္။

က်ေတာ့္နားကိုေရာက္ေတာ့ က်ေတာ့္ကိုအေလးျပဳတယ္။ က်ေတာ္လဲေၾကာင္ၿပီး အေလးျပန္ျပဳမိပါတယ္။ ေနာက္ၿပီးက်ေတာ့္ကို မဝံ့မရဲနဲ ့စကားေျပာတယ္။

“ဗိုလ္ႀကီး ကြ်န္ေတာ္ သူေတာင္းစားမဟုတ္ပါဘူး ”

က်ြန္တာ္မ်က္ေမွာင္က်ံဳ႕ၿပီးျပန္ၾကည့္မိတယ္။ ၿပီးေတာ့သူ႔ကိုျပန္ေျပာတယ္။

“အင္း…ဘာျဖစ္လိ္ု ့လဲ ေျပာေလ”

“ဟုတ္ကဲ့က်ြန္ေတာ္ တပ္ထြက္ပါဗိုလ္ႀကီး ။ ေနာင္ခ်ိဳတပ္ကပါ။ ဒါက်ြန္ေတာ့္တပ္ထြက္လက္မွတ္ပါ”

“ေၾသာ္…ဒုတပ္ၾကပ္ပဲ။ အခုကဘာျဖစ္လို ့လဲဆရာ”

“က်ြန္ေတာ္ ကုတင္ ၇၀၀ မွာ ေျခတုလာလဲတာပါ။ ဧရာ၀တီတိုင္း လပြတၱာ ကေနလာတာပါဗိုလ္ႀကီး။ ေျခေထာက္ျပတ္ေတာ့ မိန္းမကလဲ ေျပးသြားၿပီ။

ရြာမွာေတာ့ လယ္ေစာင့္တဲ့အလုပ္လုပ္ပါတယ္။ အခုေျခတုလာလဲတာပါ။

က်ေတာ္အခု ထမင္းမစားရတာ ႏွစ္ရက္ေလာက္႐ွိေနလို႔ပါ ဗိုလ္ႀကီး။

အခုဒီလိုလာေျပာတာလဲ ဗိုလ္ႀကီး ယူနီေဖာင္းနဲ႔မို႔လို႔ လာေျပာတာပါ။

တျခားအရပ္သားေတြကိုလဲမေျပာရဲဘူး။ စစ္သားခ်င္းမို႔လို႔ က်ေတာ္ေျပာျပတာပါ။

တျခားသူေတြကိုေျပာရင္ က်ေတာ့္ကိုသူေတာင္းစားလို ့ထင္မွာစိုးလို႔ပါ။

က်ေတာ္ ပိုက္ဆံေတာင္းတာမဟုတ္ပါဘူး။ ဗို္လ္ႀကီး က်ေတာ့္ကိုထမင္းေလးေကြြၽးရင္ေက်နပ္ပါတယ္ ဗိုလ္ႀကီးရယ္”

က်ေတာ္အမွန္တိုင္းဝန္ခံရရင္ ရင္ထဲစို႔တက္လာၿပီး မ်က္ရည္ဝိုင္းသြားတယ္။

“ျဖစ္ရေလဗ်ာ”

“ခင္ဗ်ားေျခေထာက္ကဘယ္မွာျပတ္တာလဲ”

“ထီးမူခီး အဝင္မွာပါဗိုလ္ၾကီး”

“ေၾသာ္…အခုဘယ္သူနဲ ့ေနလဲ”

“က်ေတာ္တစ္ေယာက္ထဲပဲေနပါတယ္။ ေဆြမ်ိဳးလဲမရွိဘူးေလ”

က်ေတာ္သိခ်င္တာေလးေတြ သူ႔ကိုေမးေနမိတယ္။

က်ေတာ္တို႔စကားေျပာေနတာကို ေဘးကဝပ္ေရွာ့ကေကာင္ေလးေတြနဲ ့ကားျပင္ဆရာေတြကဝိုင္းၾကည့္ေနတယ္။

သူတို႔စိတ္ထဲမွာ အထင္ေသးေနတာလားဝမ္းနည္းေနတာလား က်ေတာ္မသိဘူး။ က်ေတာ္စိတ္ထဲမွာအဲဒီအခ်ိန္က်ေတာ္သိတာတစ္ခုပဲရွိတယ္။

က်ေတာ္သူ႔အတြက္ဘာလုပ္ေပးႏိုင္မလဲဆိုတာပဲ။

က်ေတာ္ေျပာေျပာဆိုဆိုနဲ႔ သူ႔လက္ထဲပိုက္ဆံတစ္ေသာင္းထဲ့ေပးလိုက္တယ္။

က်ေတာ့္မွာလဲသိပ္ရွိလြန္းလို႔ေတာ့မဟုတ္ပါဘူး တတ္ႏိုင္သေလာက္ပါပဲ လကုန္​ရက္​​ေလ။

“ေက်းဇူးတင္လိုက္တာဗိုလ္ႀကီးရယ္ ဗိုလ္ႀကီးေက်းဇူးက်ေတာ္မေမ့ပါဘူး”

“ရပါတယ္ဗ်ာ စစ္သားအခ်င္းခ်င္းပဲ”

“ခင္ဗ်ားမွတ္ထား စစ္သားဆိုတာ အရင္ကစစ္သားပဲျဖစ္ခဲ့ျဖစ္ခဲ့အခုစစ္သားပဲျဖစ္ေနျဖစ္ေန အားလံုးဟာ ရဲေဘာ္ရဲဘက္ပဲ”

က်ေတာ္တို႔ေျပာေနတာကိုၾကည့္ၿပီး ေဘးကကားျပင္ေနတဲ့ကားျပင္ဆရာကသူ႔လက္ထဲကို ပိုက္ဆံတစ္ေသာင္းထပ္ထဲ့ေပးတယ္။

က်ေတာ္ကအျမင္လြဲသြားမွာဆိုးလို ့ “သူ သူေတာင္းစားမဟုတ္ဘူး ကားဆရာ”

“က်ေတာ္ ဗိုလ္ႀကီးတို ့ေျပာေနတာေတြအကုန္ၾကားပါတယ္။ ဒါလဲက်ေတာ္တတ္ႏိုင္သေလာက္ကူညီတာပါ”

က်ေတာ္အရမ္းဝမ္းသာသြားပါတယ္။သူ႔ကိုယ္စားေက်းဇူးတင္ပါတယ္လို႔လဲ ကားျပင္ဆရာကိုေျပာလိုက္တယ္။

စစ္ထြက္ႀကီးကေတာ့ က်ေတာ့္ကို ခ်ိဳင္းေထာက္တစ္ဘက္နဲ ့အေလးျပဳတယ္။

က်ေတာ္သတိကိုမတ္ေနေအာင္ဆြဲၿပီး ျပန္အေလးျပဳလိုက္တယ္။

က်ေတာ့္ပံုစံက ေၾကာင္ရင္ေၾကာင္သြားႏိုင္တယ္။ ဒါေပမယ့္က်ေတာ္မရွက္ပါဘူး။

“ရဲေဘာ္စိတ္ဟူသည္ ရဲေဘာ္အခ်င္းခ်င္းေပၚထားရွိေသာ ေမတၱာတရား သံေယာဇဥ္တရား သစၥာေစာင့္သိမႈတရားပင္ျဖစ္သည္ ”

Once a Soldier, Always Soldier

ႏိုင္ငံအတြက္ ကိုယ္လက္အဂၤါစြန္႔လႊတ္ခဲ့ရေသာ စစ္မႈထမ္းေဟာင္းမ်ားကို တတ္အားသေရြ႕ ကူညီၾကပါ။

crd; ကိုဦးေမာင္

#ျကိဳးျကာေတာင္ပံခတ္သံ

=================

ဗိုလ်​ကြီး ကျွန်​​တော်​ သူတောင်းစား မဟုတ်ပါဘူး…

>>>>>>>>>>>>>>>>>

မနေ့က ကားအောက်ပိုင်းလေးစစ်ဖို့ ဝပ်ရှော့သွားပြတယ်။ နဲနဲကြာတော့ ဖုန်းအင်တာနက်လေးဖွင့်၊ ဟိုကြည့်ဒီကြည့်လုပ်ရင်းထိုင်စောင့်နေမိတယ်။

ရုံးဆင်းကာစ ရုံးကနေတန်းလာတော့ ယူနီဖောင်းက မလဲရသေးဘူးဗျ။

အဲလိုနဲ ့ထိုင်စောင့်နေရင်းမှာပဲ လူတစ်ယောက် ချိုင်းထောက်နဲ ့ကျတော့်ဆီ တစ်ဖြေးဖြေးလှမ်းလာနေတာကိုသတိပြုမိတယ်။

ကျတော့်နားကိုရောက်တော့ ကျတော့်ကိုအလေးပြုတယ်။ ကျတော်လဲကြောင်ပြီး အလေးပြန်ပြုမိပါတယ်။ နောက်ပြီးကျတော့်ကို မဝံ့မရဲနဲ ့စကားပြောတယ်။

“ဗိုလ်ကြီး ကျွန်တော် သူတောင်းစားမဟုတ်ပါဘူး ”

ကျွန်တာ်မျက်မှောင်ကျုံ့ပြီးပြန်ကြည့်မိတယ်။ ပြီးတော့သူ့ကိုပြန်ပြောတယ်။

“အင်း…ဘာဖြစ်လိ်ု ့လဲ ပြောလေ”

“ဟုတ်ကဲ့ကျွန်တော် တပ်ထွက်ပါဗိုလ်ကြီး ။ နောင်ချိုတပ်ကပါ။ ဒါကျွန်တော့်တပ်ထွက်လက်မှတ်ပါ”

“သြော်…ဒုတပ်ကြပ်ပဲ။ အခုကဘာဖြစ်လို ့လဲဆရာ”

“ကျွန်တော် ကုတင် ၇၀၀ မှာ ခြေတုလာလဲတာပါ။ ဧရာဝတီတိုင်း လပွတ္တာ ကနေလာတာပါဗိုလ်ကြီး။ ခြေထောက်ပြတ်တော့ မိန်းမကလဲ ပြေးသွားပြီ။

ရွာမှာတော့ လယ်စောင့်တဲ့အလုပ်လုပ်ပါတယ်။ အခုခြေတုလာလဲတာပါ။

ကျတော်အခု ထမင်းမစားရတာ နှစ်ရက်လောက်ရှိနေလို့ပါ ဗိုလ်ကြီး။

အခုဒီလိုလာပြောတာလဲ ဗိုလ်ကြီး ယူနီဖောင်းနဲ့မို့လို့ လာပြောတာပါ။

တခြားအရပ်သားတွေကိုလဲမပြောရဲဘူး။ စစ်သားချင်းမို့လို့ ကျတော်ပြောပြတာပါ။

တခြားသူတွေကိုပြောရင် ကျတော့်ကိုသူတောင်းစားလို ့ထင်မှာစိုးလို့ပါ။

ကျတော် ပိုက်ဆံတောင်းတာမဟုတ်ပါဘူး။ ဗို်လ်ကြီး ကျတော့်ကိုထမင်းလေးကွျွေးရင်ကျေနပ်ပါတယ် ဗိုလ်ကြီးရယ်”

ကျတော်အမှန်တိုင်းဝန်ခံရရင် ရင်ထဲစို့တက်လာပြီး မျက်ရည်ဝိုင်းသွားတယ်။

“ဖြစ်ရလေဗျာ”

“ခင်ဗျားခြေထောက်ကဘယ်မှာပြတ်တာလဲ”

“ထီးမူခီး အဝင်မှာပါဗိုလ်ကြီး”

“သြော်…အခုဘယ်သူနဲ ့နေလဲ”

“ကျတော်တစ်ယောက်ထဲပဲနေပါတယ်။ ဆွေမျိုးလဲမရှိဘူးလေ”

ကျတော်သိချင်တာလေးတွေ သူ့ကိုမေးနေမိတယ်။

ကျတော်တို့စကားပြောနေတာကို ဘေးကဝပ်ရှော့ကကောင်လေးတွေနဲ ့ကားပြင်ဆရာတွေကဝိုင်းကြည့်နေတယ်။

သူတို့စိတ်ထဲမှာ အထင်သေးနေတာလားဝမ်းနည်းနေတာလား ကျတော်မသိဘူး။ ကျတော်စိတ်ထဲမှာအဲဒီအချိန်ကျတော်သိတာတစ်ခုပဲရှိတယ်။

ကျတော်သူ့အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာပဲ။

ကျတော်ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲပိုက်ဆံတစ်သောင်းထဲ့ပေးလိုက်တယ်။

ကျတော့်မှာလဲသိပ်ရှိလွန်းလို့တော့မဟုတ်ပါဘူး တတ်နိုင်သလောက်ပါပဲ လကုန်​ရက်​​လေ။

“ကျေးဇူးတင်လိုက်တာဗိုလ်ကြီးရယ် ဗိုလ်ကြီးကျေးဇူးကျတော်မမေ့ပါဘူး”

“ရပါတယ်ဗျာ စစ်သားအချင်းချင်းပဲ”

“ခင်ဗျားမှတ်ထား စစ်သားဆိုတာ အရင်ကစစ်သားပဲဖြစ်ခဲ့ဖြစ်ခဲ့အခုစစ်သားပဲဖြစ်နေဖြစ်နေ အားလုံးဟာ ရဲဘော်ရဲဘက်ပဲ”

ကျတော်တို့ပြောနေတာကိုကြည့်ပြီး ဘေးကကားပြင်နေတဲ့ကားပြင်ဆရာကသူ့လက်ထဲကို ပိုက်ဆံတစ်သောင်းထပ်ထဲ့ပေးတယ်။

ကျတော်ကအမြင်လွဲသွားမှာဆိုးလို ့ “သူ သူတောင်းစားမဟုတ်ဘူး ကားဆရာ”

“ကျတော် ဗိုလ်ကြီးတို ့ပြောနေတာတွေအကုန်ကြားပါတယ်။ ဒါလဲကျတော်တတ်နိုင်သလောက်ကူညီတာပါ”

ကျတော်အရမ်းဝမ်းသာသွားပါတယ်။သူ့ကိုယ်စားကျေးဇူးတင်ပါတယ်လို့လဲ ကားပြင်ဆရာကိုပြောလိုက်တယ်။

စစ်ထွက်ကြီးကတော့ ကျတော့်ကို ချိုင်းထောက်တစ်ဘက်နဲ ့အလေးပြုတယ်။

ကျတော်သတိကိုမတ်နေအောင်ဆွဲပြီး ပြန်အလေးပြုလိုက်တယ်။

ကျတော့်ပုံစံက ကြောင်ရင်ကြောင်သွားနိုင်တယ်။ ဒါပေမယ့်ကျတော်မရှက်ပါဘူး။

“ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား သံယောဇဉ်တရား သစ္စာစောင့်သိမှုတရားပင်ဖြစ်သည် ”

Once a Soldier, Always Soldier

နိုင်ငံအတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသော စစ်မှုထမ်းဟောင်းများကို တတ်အားသရွေ့ ကူညီကြပါ။

crd; ကိုဦးမောင်

#ကြိုးကြာတောင်ပံခတ်သံ